Start a new topic

Register လုပ်ထားသူတိုင်း topic တည်ပြီး အတူတကွ discussion လုပ်နိုင်ပါသည်။

Topic တည်ပြီး discussion ဝင်ရန် account ဝင်ထားရန်လိုပါသည်။

Login to discuss
Si Mon
@simon · 04 Sep 2026, 01:30
🌱 မမြင်ရတဲ့ အမြစ်ကပဲ သစ်ပင်ကို ရှင်သန်စေတယ်

သစ်ပင်တစ်ပင်ကို ကြည့်လိုက်ရင် ကျွန်တော်တို့ မြင်ရတာက ပင်စည်၊ အကိုင်းအခက်နဲ့ စိမ်းလန်းနေတဲ့ အရွက်တွေပါ။ ဒါပေမယ့် အဲ့ဒီသစ်ပင်ကို တကယ်ရှင်သန်စေတဲ့ အရေးကြီးဆုံးအရာကတော့ မြေကြီးအောက်မှာ မမြင်ရဘဲ ရှိနေတဲ့ ရေသောက်မြစ် ပါပဲ။ ရေသောက်မြစ်ဟာ ချီးကျူးခံရတာ မရှိဘူး။ လှပတယ်လို့ မြင်ပေးမယ့်သူလည်း မရှိဘူး။ ဒါပေမယ့် ရေကို ရှာပေးတယ်၊ အာဟာရကို စုပ်ယူပေးတယ်၊ သစ်ပင်ကို မုန်တိုင်းကြားမှာတောင် မလဲကျအောင် ထိန်းပေးတယ်။ ဘဝမှာလည်း ဒီလိုပါပဲ။ လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ လူတွေ မမြင်ရတဲ့ ကြိုးစားမှုတွေ ရှိတယ်။ မမြင်ရတဲ့ အနစ်နာခံမှုတွေ ရှိတယ်။ မမြင်ရတဲ့ သင်ယူမှုတွေ၊ စိတ်ရှည်မှုတွေ၊ စည်းကမ်းတွေ ရှိတယ်။ တစ်ခါတလေ လူတွေက သင့်ရဲ့ ရလဒ်ကိုပဲ မြင်ကြမယ်။ သင်ဖြတ်ကျော်ခဲ့ရတဲ့ ညတွေ၊ ပင်ပန်းမှုတွေ၊ ပြန်လည်စတင်ခဲ့ရတဲ့ အကြိမ်တွေကို မမြင်နိုင်ကြဘူး။ ဒါပေမယ့် မမြင်ရတာဟာ တန်ဖိုးမရှိတာ မဟုတ်ပါဘူး။ မြေကြီးအောက်က ရေသောက်မြစ်လိုပဲ လူမမြင်တဲ့နေရာမှာ သင်တည်ဆောက်ထားတဲ့ အရည်အချင်း၊ စည်းကမ်း၊ သမာဓိ၊ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကပဲ တစ်နေ့မှာ သင့်ဘဝကို အခိုင်အမာ ရပ်တည်စေမှာပါ။ အရွက်လှဖို့ထက် အမြစ်ခိုင်ဖို့ အရင်ကြိုးစားပါ။ အမြစ်ခိုင်ရင် ရာသီပြောင်းလဲသွားလည်း သစ်ပင်က ပြန်စိမ်းနိုင်ပါတယ်။ 🌳 #vsx

🌱 မမြင်ရတဲ့ အမြစ်ကပဲ သစ်ပင်ကို ရှင်သန်စေတယ်
0 likes0 replies
Discussion
0 replies
Si Mon
@simon · 19 Aug 2026, 16:36
သေပြီးရင် ဘာဖြစ်မလဲ မသိဘဲနဲ့ ငါတို့ ဘာလို့ လူကောင်း လုပ်နေရတာလဲ?

"အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိလဲ?" "နောက်ဘဝဆိုတာ တကယ်ော ရှိလို့လား?" "ငါတို့ လုပ်နေတဲ့ ကောင်းမှုတွေက တကယ်ော အကျိုးရှိရဲ့လား?" ညဉ့်နက်တဲ့အခါ ဒီလို အတွေးတွေနဲ့ ခေါင်းခြောက်ဖူးတယ်မလား။ အဖြေကို အဝေးကြီးမှာ သွားမရှာပါနဲ့။ မမြင်ရသေးတဲ့ နောက်ဘဝကို ခဏမေ့ထားလိုက်ပါ။ လက်ရှိ မနက်ဖြန်ဆိုတဲ့ အနာဂတ်မှာတင် ငါတို့အတွက် အကျိုးအမြတ် ရှိနေလို့ပဲ။ အတိုချုံ့ကြည့်ရအောင် - ၁။ Overthinking သမားတွေအတွက် အကောင်းဆုံး ငြိမ်းချမ်းနည်း မကောင်းတာ လုပ်ထားရင် စိတ်က ဘယ်တော့မှ မငြိမ်ဘူး။ "ငါ့ကို ရိပ်မိသွားမလား"၊ "ငါ့ကို ပြန်လုပ်မလား" ဆိုတဲ့ ပူပန်မှုက စိတ်ကို နေ့တိုင်း နှိပ်စက်တယ်။ အကျင့်ကောင်းထားတဲ့အခါ စိတ်က ရှင်းနေတော့ နောင်တနဲ့ စိုးရိမ်စိတ် (Anxiety) ကနေ ကင်းဝေးသွားတယ်။ ၂။ သံသယဖြစ်ရင် "လောင်းကြေး" ကို ကြည့် နောက်ဘဝ ရှိတာ၊ မရှိတာ ခဏထား။ မရှိဘူးဆိုရင်တောင် - မင်းဟာ ဒီဘဝမှာ စိတ်အေးချမ်းစွာနဲ့ လူတွေရဲ့ လေးစားမှုကို ရပြီး အေးဆေး သေသွားရမယ်။ မင်း ဘာမှ မရှုံးဘူး။ တကယ်လို့ ရှိနေခဲ့ရင် - မင်း လုပ်ခဲ့တဲ့ အကျင့်ကောင်းတွေက မင်းကို ကယ်မယ့် အာမခံချက် ဖြစ်သွားမယ်။ ဘယ်လိုပဲ ကြည့်ကြည့် ကောင်းအောင် နေတာက မင်းအတွက် ဘာမှ မရှုံးတဲ့ ရွေးချယ်မှုပဲ။ ၃။ ကောင်းတာလုပ်တာ "အသနားခံတာ" မဟုတ်ဘူး၊ "အတ္တ" နဲ့ နည်းဗျူဟာကျတာ ငါတို့ ကြင်နာတယ်၊ ရိုးသားတယ်ဆိုတာ အခြားသူကို ကြောက်လို့မဟုတ်ဘူး။ ငါတို့ကိုယ်တိုင် ငြိမ်းချမ်းချင်လို့။ ငါတို့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက် မရှိဘဲ လုံခြုံတဲ့ Space တစ်ခု ဖြစ်ချင်လို့။ မိမိကိုယ်ကို ချစ်ရင် အကျင့်ကောင်းတာက အတက်မြောက်ဆုံး နည်းလမ်းပဲ။ အနှစ်ချုပ် - နောက်ဘဝဆိုတာ အာမခံချက် မရှိသေးပေမဲ့ "လက်ရှိ မနက်ဖြန်" ကတော့ ဧကန်မုချ ရောက်လာမှာပါ။ မနက်ဖြန်မှာ နောင်တမရဘဲ စိတ်အေးချမ်းချင်ရင်တော့ ဒီနေ့မှာ အကျင့်ကောင်းအောင် နေထိုင်ခြင်းက မင်းအတွက် အကောင်းဆုံးနဲ့ အလုံခြုံဆုံး Investment ပါပဲ။

သေပြီးရင် ဘာဖြစ်မလဲ မသိဘဲနဲ့ ငါတို့ ဘာလို့ လူကောင်း လုပ်နေရတာလဲ?
0 likes0 replies
Discussion
0 replies
Si Mon
@simon · 19 Aug 2026, 15:59
မီးလျှံကို မီးမှန်းမသိဘဲ တိုးဝင်တဲ့ ပိုးဖလံလို မဖြစ်ပါစေနဲ့

ဆုံးဖြတ်ချက်တစ်ခု မှားယွင်းရခြင်းရဲ့ အဓိက အကြောင်းရင်း ၂ ချက်ရှိပါတယ်။ 1. အတ္တ/လောဘဇော မိုက်ခြင်း: လွယ်လွယ်နဲ့ အမြတ်အစွန်းများများ ရချင်လို့ စိစစ်မှုမလုပ်ဘဲ ဆုံးဖြတ်လိုက်ခြင်း။ 2. ချိန်းဆတွေးခေါ်မှု မရှိခြင်း: လက်ရှိ ခိုင်မာနေတဲ့ အခြေအနေထက် မသေချာတဲ့ ကတိတွေကို ပိုယုံမိခြင်း။ ဘဝဆိုတာ လောင်းကစားမဟုတ်ပါ။ "မဖောက်မပြန် မှန်ကန်သော အလုပ်" ဆိုတာ အန္တရာယ်ကင်းပြီး ရလဒ်ကျိန်းသေထွက်မယ့် နည်းလမ်းကို ရွေးချယ်တာဖြစ်ပါတယ်။ လမ်းခုလတ်မှာ ကြုံရမယ့် အခက်အခဲတွေကို ခင်းကျင်းပြင်ဆင်ထားသူကသာ ပန်းတိုင်ကို အကုသိုလ်ကင်းကင်းနဲ့ အောင်မြင်စွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

မီးလျှံကို မီးမှန်းမသိဘဲ တိုးဝင်တဲ့ ပိုးဖလံလို မဖြစ်ပါစေနဲ့
0 likes0 replies
Discussion
0 replies
Si Mon
@simon · 10 Aug 2026, 17:28
အသက် ၂၀ ဝန်းကျင်မှာ လမ်းပျောက်ဖူးပြီး အသက် ၃၀ ကျော်မှာ ရည်မှန်းချက် ပိုခိုင်မာလာရခြင်းရဲ့ လျှိဝှက်ချက် 💡

အသက် ၂၀ ပတ်ဝန်းကျင်တုန်းက... အလုပ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိနဲ့ စတင်လိုက်ပေမဲ့ ၂ လ၊ ၃ လလောက် ကြာလာရင်၊ ဒါမှမဟုတ် စိတ်ရောလူပါ ပင်ပန်းလာရင် ဆက်မလုပ်ချင်တော့ဘဲ လမ်းပျောက်သလို ဖြစ်ဖူးကြပါသလား? "ငါ လုပ်နေတာတွေက ရော ဟုတ်ရဲ့လား?" "ဒါ ငါ့လမ်းကြောင်း အမှန်ပဲလား?" ဆိုတဲ့ သံသယတွေနဲ့ လက်လျှော့ချင်စိတ် ဖြစ်ခဲ့ဖူးတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အသက် ၃၀ ကျော်လာတဲ့အခါမှာတော့ တတ်နိုင်သလောက် ဇွဲရှိလာတယ်၊ ရည်မှန်းချက်တွေ ပိုခိုင်မာလာပြီး ပင်ပန်းရုံနဲ့ လမ်းဝက်မှာ မရပ်တော့ဘူး။ ဘာကြောင့် ဒီလို အပြောင်းအလဲတွေ ဖြစ်လာတာလဲ? ၁။ ဦးနှောက်နဲ့ စိတ်ဓာတ် ရင့်ကျက်လာခြင်း (Brain & Mindset) စိတ်ပညာအရ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်စွမ်းနဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ဦးနှောက်အပိုင်းဟာ အသက် ၂၅ နှစ်ဝန်းကျင်မှ အပြည့်အဝ ရင့်ကျက်တာပါ။ အသက် ၂၀ တုန်းက စိတ်ဓါတ်ကျလွယ်တာဟာ သဘာဝပါ။ အသက် ၃၀ ကျော်မှာတော့ ဦးနှောက်က ပိုမိုတည်ငြိမ်ပြီး ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်လာပါတယ်။ ၂။ ကိုယ်တိုင် "ဘာလိုချင်လဲ" အတိအကျ သိလာခြင်း (Self-Awareness) အသက် ၂၀ တုန်းက အတွေ့အကြုံ မရှိသေးလို စိတ်ကူးယဉ်မှုတွေ များခဲ့ပေမဲ့၊ အသက် ၃၀ ကျော်မှာတော့ အမှားအယွင်းများစွာထဲကနေ "ငါ ဘာကို အမှန်တကယ် လိုချင်တာလဲ" ဆိုတဲ့ ကိုယ်ပိုင် ရည်မှန်းချက် အတိအကျကို သိမြင်လာကြပါတယ်။ ၃။ ပင်ပန်းမှုနဲ့ နားယူမှုကို ခွဲခြားတတ်လာခြင်း အသက် ၂၀ တုန်းက ပင်ပန်းလာရင် "အလုပ်ထွက်ချင်စိတ်/လက်လျှော့ချင်စိတ်" ပေါ်လာတတ်ပေမဲ့၊ အသက် ၃၀ ကျော်မှာတော့ "ပင်ပန်းရင် နားရမယ်၊ လက်လျှော့ရမှာ မဟုတ်ဘူး" ဆိုတာကို ကောင်းကောင်း နားလည်လာပါတယ်။ ၄။ အချိန်ရဲ့ တန်ဖိုးနဲ့ တာဝန်ယူမှု အသက် ၃၀ ကျော်မှာ ဘဝရဲ့ တာဝန်ဝတ္တရားတွေ၊ အချိန်ရဲ့ တန်ဖိုးတွေကို ပိုမို နားလည်လာတာကြောင့် ခဏတာ ပင်ပန်းရုံနဲ့ ဒူးထောက်မပေးတော့ဘဲ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ပိုမို အားကောင်းလာပါတယ်။ ✨ လက်ရှိ ကြိုးစားနေကြတဲ့ လူငယ်များနဲ့ လူကြီးများအတွက်... အသက် ၂၀ ပတ်ဝန်းကျင်မှာ လမ်းပျောက်နေသလို ခံစားရရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဒါဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက် ၃၀ ကျော်မှာ ပိုမို ခိုင်မာတဲ့ သင်ဖြစ်လာဖိုအတွက် "လေ့ကျင့်ခန်း" လုပ်နေရတာပါ။ အသက် ၃၀ ကျော်မှ စတင်ရသူတွေလည်း အချိန်မနှောင်းပါဘူး။ အတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုတွေ ပေါင်းစပ်ထားတဲ့ သင်ဟာ အခုချိန်မှာ ပိုမို ခိုင်မာတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်နေပါပြီ။ "ပင်ပန်းလို ရပါတယ်၊ ဒါပေမဲ့ လမ်းဝက်မှာ တန့်မသွားပါနဲ့။ မနက်ဖြန်ဆိုတာ ဒီနေ့ ကြိုးစားမှုရဲ့ ရလဒ်ပါပဲ။" 💪🚀 #vsx

အသက် ၂၀ ဝန်းကျင်မှာ လမ်းပျောက်ဖူးပြီး အသက် ၃၀ ကျော်မှာ ရည်မှန်းချက် ပိုခိုင်မာလာရခြင်းရဲ့ လျှိဝှက်ချက် 💡
0 likes0 replies
Discussion
0 replies
思議な 世界
@michisaitonesumi@gmail.com · 05 Aug 2026, 12:40
One of the improvements of our VSX-Myanmar!

VSX Myanmar ရဲ့ Development Productတွေထဲက တစ်ခုဖြစ်တဲ့ VSX Store POSကို ဝယ်ယူသုံးစွဲပါသော 'သိင်္ဂီဝင်း'စတိုးဆိုင်မှာ ကိုယ်တိုင်သွားရောက် Dataတွေ ထည့်ပေးဖြစ်ခြင်းပါ။

One of the improvements of our VSX-Myanmar!
3 likes0 replies
Discussion
0 replies
Chit Ko Ko
@chitkoko · 28 Jul 2026, 13:26
ဘာသာရပ်တွေ ဖတ်ရှုပြီး လေ့လာ

ဘာသာရပ်တွေ လေ့လာပြီး လေ့ကျင့်လို့ရအောင် လုပ်နိုင်မယ်၊ ကိုယ် ဖတ်ပြီးတဲ့ Progress တွေကို သိနိုင်မယ်၊ ဘာသာရပ်တွေအားလုံး Free အနေနဲ့ ဖတ်လို့ရမယ် ဆိုတာတွေ လုပ်ထားပေးပါသည်။

ဘာသာရပ်တွေ ဖတ်ရှုပြီး လေ့လာ
2 likes0 replies
Discussion
0 replies
Chit Ko Ko
@chitkoko · 28 Jul 2026, 13:22
Admin များ အတွက် ဘာသာရပ် များ တင်နိုင်ခြင်း

Owner တွေဘက်မှ ဘာသာရပ်ဆိုင်ရာတွေ တင်ထားနိုင်ပါသည်။ ကြည့်ရှုသူ ဖတ်သူ ဘယ်လောက်ရှိတယ်ဆိုလဲ ဖော်ပြထားပေးပါသည်။ Free license တွေအတွက် ငါးဘာသာ တင်နိုင်ပါသည်။ #VSX #Subjects #ဘာသာရပ်

Admin များ အတွက် ဘာသာရပ် များ တင်နိုင်ခြင်း
2 likes0 replies
Discussion
0 replies
Chit Ko Ko
@chitkoko · 21 Jul 2026, 14:47
💻 IT လောကထဲ ခြေလှမ်းသစ်စချင်သူများအတွက် "Programming Basic Online Class"

Programming ကို အခြေခံကစပြီး စနစ်တကျ လေ့လာချင်သူတွေအတွက် အမှန်တကယ် လိုအပ်မယ့် Core Skill တွေကို သေချာစုစည်းပေးထားတဲ့ သင်တန်းလေး ဖြစ်ပါတယ်။ 📚 သင်တန်းမှာ ဘာတွေ သင်ယူရမလဲ? 1️⃣ C# Programming: Modern Software Development ရဲ့ အခြေခံ သဘောတရားများနှင့် Logic Build လုပ်နည်းများ 2️⃣ Java Programming: Cross-platform ရေးသားနိုင်မှုနဲ့ Object-Oriented Programming (OOP) အယူအဆများ 3️⃣ Database (MSSQL): Data တွေကို စနစ်တကျ သိမ်းဆည်း၊ စီမံခန့်ခွဲနဲ့ Query ရေးသားနည်းများ 4️⃣ Windows App Development: အသုံးချ Desktop Application တစ်ခုကို ကိုယ်တိုင် ဖန်တီးတည်ဆောက်နည်းများ ✨ ဒီသင်တန်းကို တက်ရောက်သင့်သူများ: => Programming ကို Zero Level ကနေ စတင်ချင်သူများ => Software Engineer တစ်ယောက်အဖြစ် အခြေခံကောင်းကောင်း စတင်လိုသူများ => Theoretical သာမက Practical Hands-on ရေးသားချင်သူများ တက်ရောက်သင့်ပါသည်၊ 📌 သင်ရိုးမာတိကာ: ✅ C# - Programming Logic နဲ့ Syntax အခြေခံများ ✅ Java - Robust & Scalable ဖြစ်တဲ့ OOP Concept များ ✅ MSSQL Database - Enterprise Level Data စီမံခန့်ခွဲမှုများ ✅ Windows Desktop App - Real-world Windows Application ဖန်တီးမှုများ အခြေခံကစလို့ အသုံးချနိုင်သည်အထိ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ Programming အသစ်စမယ့်သူများအတွက် အထူးသင့်တော်ပါတယ်။ 💡 အခြေခံ မရှိသေးသူများလည်း စိုးရိမ်စရာမလိုဘေး Zero ကနေ စတင်နိုင်အောင် သင်ကြားပေးသွားမှာပါ။

💻 IT လောကထဲ ခြေလှမ်းသစ်စချင်သူများအတွက် "Programming Basic Online Class"
3 likes1 replies
Discussion
1 replies
Franco - 23 Jul 13:59
hote
Login to join the discussion