ခေါင်းစဉ် 14 / 63
3 မိနစ်
IDE ဆိုတာဘာလဲ
Integrated Development Environment
IDE ရဲ့ အရှည်ကောက်က—
Integrated Development Environment
ဖြစ်ပါတယ်။
IDE ဆိုတာ Programmer တွေ Code ရေးသားခြင်း၊ Project တည်ဆောက်ခြင်း၊ Program Run ခြင်း၊ Error ရှာဖွေပြင်ဆင်ခြင်းတို့ကို Software တစ်ခုတည်းအတွင်းမှာ လုပ်ဆောင်နိုင်အောင် ကူညီပေးတဲ့ Development Tool ဖြစ်ပါတယ်။
C# ရေးသားရာမှာ အသုံးများတဲ့ Tools တွေက—
Visual Studio
Visual Studio Code
JetBrains Rider
တို့ဖြစ်ပါတယ်။
ဒီသင်ခန်းစာမှာ Beginner တွေအတွက် အသုံးပြုရလွယ်ကူပြီး C# Development Tools အပြည့်အစုံပါဝင်တဲ့ Visual Studio ကို အဓိကအသုံးပြုသွားပါမယ်။
Visual Studio နဲ့ Visual Studio Code ဟာ Software တစ်ခုတည်း မဟုတ်ပါဘူး။ Visual Studio က IDE အပြည့်အစုံဖြစ်ပြီး Visual Studio Code က ပိုမိုပေါ့ပါးတဲ့ Code Editor ဖြစ်ပါတယ်။
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။