Operators(Part -3)
Operator
5. Subtraction Operator (-)
- Operator ကို Number တစ်ခုထဲက အခြား Number တစ်ခု နုတ်ဖို့ အသုံးပြုပါတယ်။
int totalStudents = 30; int absentStudents = 5; int presentStudents = totalStudents - absentStudents; Console.WriteLine($"Present Students: {presentStudents}");
Output—
Present Students: 25
6. Multiplication Operator (*)
* Operator ကို Number များ မြှောက်ဖို့ အသုံးပြုပါတယ်။
decimal unitPrice = 15000m; int quantity = 3; decimal totalAmount = unitPrice * quantity; Console.WriteLine($"Total Amount: {totalAmount}");
Output—
Total Amount: 45000
7. Division Operator (/)
/ Operator ကို Number တစ်ခုကို အခြား Number တစ်ခုနဲ့ စားဖို့ အသုံးပြုပါတယ်။
int total = 100; int count = 5; int result = total / count; Console.WriteLine(result);
Output—
20
8. Integer Division
Integer နှစ်ခုကို စားတဲ့အခါ Result ကလည်း Integer ဖြစ်ပါတယ်။ ဒဿမပိုင်းရှိရင် ဖြုတ်ပစ်ပါတယ်။
int result = 10 / 3; Console.WriteLine(result);
Output—
3
သင်္ချာအရ 10 ÷ 3 က 3.333... ဖြစ်ပေမယ့် Operand နှစ်ခုလုံးက int ဖြစ်တဲ့အတွက် Result က 3 ပဲ ရပါတယ်။
ဒဿမ Result လိုချင်ရင် Operand အနည်းဆုံးတစ်ခုကို double သို့မဟုတ် decimal ဖြစ်အောင် ရေးရပါတယ်။
double result = 10.0 / 3; Console.WriteLine(result);
Output—
3.3333333333333335
Casting အသုံးပြုလို့လည်း ရပါတယ်။
int total = 10; int count = 3; double result = (double)total / count; Console.WriteLine(result);
9. သုညနဲ့စားခြင်း
ကိန်းတစ်ခုကို သုညနဲ့ စားလို့မရပါဘူး။
int number = 10; int result = number / 0;
ဒီလိုရေးရင် Error ဖြစ်နိုင်ပါတယ်။
User Input နဲ့ Division လုပ်တဲ့အခါ Divisor က သုညဖြစ်၊ မဖြစ် စစ်ဆေးသင့်ပါတယ်။
int firstNumber = 10; int secondNumber = 0; if (secondNumber != 0) { Console.WriteLine(firstNumber / secondNumber); } else { Console.WriteLine("Cannot divide by zero."); }
if Statement ကို နောက်သင်ခန်းစာမှာ အသေးစိတ်လေ့လာသွားပါမယ်။