ခေါင်းစဉ် 18 / 63
5 မိနစ်
Visual Studio ရှိပြီးသားဆိုရင် Workload ထပ်ထည့်ခြင်း
Visual Studio ရှိပြီးသားဖြစ်ပေမယ့် Console App Project မတွေ့ဘူးဆိုရင် လိုအပ်တဲ့ Workload မပါသေးတာ ဖြစ်နိုင်ပါတယ်။
အောက်ပါအတိုင်း ထပ်ထည့်နိုင်ပါတယ်။
Visual Studio Installer ကိုဖွင့်ပါ။
Install လုပ်ထားတဲ့ Visual Studio Edition ကိုရှာပါ။
Modify ကိုနှိပ်ပါ။
.NET desktop development ကို အမှန်ခြစ်ပါ။
Modify သို့မဟုတ် Install ကိုနှိပ်ပါ။
Installation ပြီးရင် Visual Studio ကို ပြန်ဖွင့်ပါ။
Console App Template မတွေ့ရင် Installer ကနေ .NET desktop development Workload ကို ထည့်သွင်းရမယ်လို့ Microsoft ရဲ့ လမ်းညွှန်ချက်မှာလည်း ဖော်ပြထားပါတယ်။ Microsoft Visual Studio installation guide
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။