ခေါင်းစဉ် 31 / 63 5 မိနစ်

Code မှာ Error ဖြစ်ရင် ဘာလုပ်မလဲ

Error ရှင်းပုံ


ဥပမာ အောက်ပါ Code ကို ကြည့်ပါ။

Console.WriteLine("Hello C#")

ဒီ Code မှာ နောက်ဆုံးက Semicolon မပါပါဘူး။

Visual Studio က အမှားရှိတဲ့နေရာမှာ အနီရောင်မျဉ်း ပြပေးပါမယ်။ Build လုပ်ရင် Error List မှာလည်း ပြသပေးပါမယ်။

မှန်ကန်တဲ့ Code က—

Console.WriteLine("Hello C#");

ဖြစ်ပါတယ်။

နောက်ထပ် Error နမူနာ—

console.WriteLine("Hello");

C# ဟာ Case-sensitive Language ဖြစ်လို့ Console ကို console လို့ စာလုံးအသေးနဲ့ ရေးရင် မတူညီတဲ့အမည်အဖြစ် သတ်မှတ်ပါတယ်။

မှန်ကန်တဲ့ Code က—

Console.WriteLine("Hello");

ဖြစ်ပါတယ်။

Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။