Data Types (Part-5)
ဒီသင်ခန်းစာမှာ C# Program အတွင်း သိမ်းဆည်းမည့် Data အမျိုးအစားကို သတ်မှတ်ပေးသော Data Type များအကြောင်း လေ့လာသွားမည်ဖြစ်သည်။ int, long, float, double, decimal, char, string, bool နှင့် DateTime တို့၏ ကွာခြားချက်၊ အသုံးပြုပုံနှင့် အခြေအနေအလိုက် သင့်တော်သည့် Data Type ရွေးချယ်ပုံတို့ကို လက်တွေ့နမူနာများဖြင့် ရှင်းလင်းထားသည်။
13. Escape Sequences
String ထဲမှာ အထူးလုပ်ဆောင်ချက်အချို့ ထည့်သွင်းဖို့ Escape Sequence ကို အသုံးပြုနိုင်ပါတယ်။
စာကြောင်းပြောင်းခြင်း — \n
Console.WriteLine("Name: Aung Aung\nCourse: C# Basic");
Output—
Name: Aung Aung Course: C# Basic
Tab နေရာခြားခြင်း — \t
Console.WriteLine("Name\tAge\tGrade"); Console.WriteLine("Aung\t18\tA");
Output—
Name Age Grade Aung 18 A
Double Quotation Mark ထည့်ခြင်း — \"
Console.WriteLine("He said, \"Hello C#\"");
Output—
He said, "Hello C#"
Backslash ထည့်ခြင်း — \\
Console.WriteLine("C:\\Courses\\CSharp");
Output—
C:\Courses\CSharp
အသုံးများသော Escape Sequences—
| Escape Sequence | လုပ်ဆောင်ချက် |
|---|---|
\n | စာကြောင်းအသစ်ပြောင်းခြင်း |
\t | Tab Space ထည့်ခြင်း |
\" | Double Quotation Mark ထည့်ခြင်း |
\\ | Backslash ထည့်ခြင်း |
14. Verbatim String
File Path ကဲ့သို့ Backslash များစွာပါတဲ့ စာသားတွေမှာ String ရဲ့ရှေ့မှာ @ ထည့်ပြီး Verbatim String အဖြစ် ရေးနိုင်ပါတယ်။
ပုံမှန်ရေးသားပုံ—
string path = "C:\\Courses\\CSharp\\Lesson6";
Verbatim String ပုံစံ—
string path = @"C:\Courses\CSharp\Lesson6";
ပုံစံနှစ်ခုလုံးရဲ့ Output က—
C:\Courses\CSharp\Lesson6
ဖြစ်ပါတယ်။
Logical Data Type
15. bool Data Type
bool ကို အခြေအနေတစ်ခု မှန်၊ မမှန် သိမ်းဆည်းဖို့ အသုံးပြုပါတယ်။
bool မှာ Value နှစ်မျိုးပဲ ရှိပါတယ်။
true false
နမူနာ—
bool isActive = true; bool isDeleted = false; bool hasPermission = true;
Output ပြသခြင်း—
bool isStudent = true; Console.WriteLine($"Is Student: {isStudent}");
Output—
Is Student: True
bool ကို—
- User Active ဖြစ်၊ မဖြစ်
- Login ဝင်ထား၊ မထား
- Payment ပြီး၊ မပြီး
- Item ရှိ၊ မရှိ
- Student Pass ဖြစ်၊ မဖြစ်
စတဲ့ အခြေအနေတွေ သိမ်းဖို့ အသုံးပြုနိုင်ပါတယ်။
int mark = 75; bool isPassed = mark >= 40; Console.WriteLine($"Passed: {isPassed}");
Output—
Passed: True
ဒီ Code မှာ mark >= 40 ရဲ့ ရလဒ်က မှန်တဲ့အတွက် isPassed ထဲမှာ true သိမ်းသွားပါတယ်။