ခေါင်းစဉ် 59 / 63 30 မိနစ်

Operators(Part -6)

Operator


21. Greater Than နဲ့ Less Than

int firstNumber = 20;
int secondNumber = 10;

Console.WriteLine(firstNumber > secondNumber);
Console.WriteLine(firstNumber < secondNumber);

Output—

True
False

> က ပိုကြီးသလား စစ်ပြီး < က ပိုငယ်သလား စစ်ပါတယ်။


22. Greater Than or Equal (>=)

Value က သတ်မှတ်ထားတဲ့ Number ထက် ကြီးသလား သို့မဟုတ် ညီသလား စစ်ဖို့ >= ကို အသုံးပြုပါတယ်။

int mark = 40;
bool isPassed = mark >= 40;

Console.WriteLine(isPassed);

Output—

True

ဒီ Condition မှာ 40 ထက်ကြီးရင်လည်း true ဖြစ်ပြီး 40 နဲ့ညီရင်လည်း true ဖြစ်ပါတယ်။


23. Less Than or Equal (<=)

int stockQuantity = 5;
bool isLowStock = stockQuantity <= 5;

Console.WriteLine(isLowStock);

Output—

True

stockQuantity က 5 ထက်ငယ်ရင် သို့မဟုတ် 5 နဲ့ညီရင် true ဖြစ်ပါတယ်။


24. String များ နှိုင်းယှဉ်ခြင်း

String နှစ်ခု ညီ၊ မညီကို == နဲ့ စစ်နိုင်ပါတယ်။

string userName = "admin";

Console.WriteLine(userName == "admin");

Output—

True

C# က Case-sensitive ဖြစ်တာကြောင့် စာလုံးအကြီး၊ အသေး မတူရင် false ဖြစ်ပါတယ်။

Console.WriteLine("admin" == "Admin");

Output—

False

Case မခွဲခြားဘဲ နှိုင်းယှဉ်လိုရင်—

string firstText = "admin";
string secondText = "Admin";

bool isEqual = string.Equals(
    firstText,
    secondText,
    StringComparison.OrdinalIgnoreCase);

Console.WriteLine(isEqual);

Output—

True
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။