ခေါင်းစဉ် 59 / 63
30 မိနစ်
Operators(Part -6)
Operator
21. Greater Than နဲ့ Less Than
int firstNumber = 20; int secondNumber = 10; Console.WriteLine(firstNumber > secondNumber); Console.WriteLine(firstNumber < secondNumber);
Output—
True False
> က ပိုကြီးသလား စစ်ပြီး < က ပိုငယ်သလား စစ်ပါတယ်။
22. Greater Than or Equal (>=)
Value က သတ်မှတ်ထားတဲ့ Number ထက် ကြီးသလား သို့မဟုတ် ညီသလား စစ်ဖို့ >= ကို အသုံးပြုပါတယ်။
int mark = 40; bool isPassed = mark >= 40; Console.WriteLine(isPassed);
Output—
True
ဒီ Condition မှာ 40 ထက်ကြီးရင်လည်း true ဖြစ်ပြီး 40 နဲ့ညီရင်လည်း true ဖြစ်ပါတယ်။
23. Less Than or Equal (<=)
int stockQuantity = 5; bool isLowStock = stockQuantity <= 5; Console.WriteLine(isLowStock);
Output—
True
stockQuantity က 5 ထက်ငယ်ရင် သို့မဟုတ် 5 နဲ့ညီရင် true ဖြစ်ပါတယ်။
24. String များ နှိုင်းယှဉ်ခြင်း
String နှစ်ခု ညီ၊ မညီကို == နဲ့ စစ်နိုင်ပါတယ်။
string userName = "admin"; Console.WriteLine(userName == "admin");
Output—
True
C# က Case-sensitive ဖြစ်တာကြောင့် စာလုံးအကြီး၊ အသေး မတူရင် false ဖြစ်ပါတယ်။
Console.WriteLine("admin" == "Admin");
Output—
False
Case မခွဲခြားဘဲ နှိုင်းယှဉ်လိုရင်—
string firstText = "admin"; string secondText = "Admin"; bool isEqual = string.Equals( firstText, secondText, StringComparison.OrdinalIgnoreCase); Console.WriteLine(isEqual);
Output—
True
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။