Data Types (Part-3)
ဒီသင်ခန်းစာမှာ C# Program အတွင်း သိမ်းဆည်းမည့် Data အမျိုးအစားကို သတ်မှတ်ပေးသော Data Type များအကြောင်း လေ့လာသွားမည်ဖြစ်သည်။ int, long, float, double, decimal, char, string, bool နှင့် DateTime တို့၏ ကွာခြားချက်၊ အသုံးပြုပုံနှင့် အခြေအနေအလိုက် သင့်တော်သည့် Data Type ရွေးချယ်ပုံတို့ကို လက်တွေ့နမူနာများဖြင့် ရှင်းလင်းထားသည်။
Decimal Number Data Types
ဒဿမကိန်းများ သိမ်းဆည်းဖို့ float, double နဲ့ decimal ကို အသုံးပြုနိုင်ပါတယ်။
6. float Data Type
float ကို ဒဿမကိန်းများ သိမ်းဆည်းဖို့ အသုံးပြုပါတယ်။
float height = 5.7f; float temperature = 36.5f;
float Value ရဲ့နောက်မှာ f သို့မဟုတ် F ထည့်ပေးရပါတယ်။
float score = 95.5f;
f မထည့်ရင် C# က ဒဿမကိန်းကို Default အားဖြင့် double လို့ သတ်မှတ်တဲ့အတွက် Error ဖြစ်နိုင်ပါတယ်။
float score = 95.5; // Error
မှန်ကန်တဲ့ပုံစံ—
float score = 95.5f;
7. double Data Type
double ကိုလည်း ဒဿမကိန်းများ သိမ်းဆည်းဖို့ အသုံးပြုပါတယ်။
double distance = 125.75; double averageScore = 86.45;
ဒဿမကိန်းတစ်ခုကို တိုက်ရိုက်ရေးတဲ့အခါ C# က Default အနေနဲ့ double လို့ သတ်မှတ်ပါတယ်။
double value = 10.5;
float ထက် double က Value ကို ပိုမိုတိကျစွာ သိမ်းနိုင်ပါတယ်။ သိပ္ပံဆိုင်ရာတွက်ချက်မှုနဲ့ ပုံမှန်ဒဿမတွက်ချက်မှုတွေမှာ double ကို အသုံးများပါတယ်။
နမူနာ—
double length = 10.5; double width = 5.25; double area = length * width; Console.WriteLine($"Area: {area}");
Output—
Area: 55.125
8. decimal Data Type
decimal ကို တိကျမှုမြင့်မားဖို့လိုအပ်တဲ့ ဒဿမတန်ဖိုးများအတွက် အသုံးပြုပါတယ်။
အထူးသဖြင့်—
- ဈေးနှုန်း
- ငွေပမာဏ
- အခွန်
- လျှော့ဈေး
- လစာ
- စုစုပေါင်းတန်ဖိုး
စတဲ့ ငွေကြေးတွက်ချက်မှုများမှာ decimal ကို အသုံးပြုသင့်ပါတယ်။
decimal productPrice = 25000.50m; decimal discountAmount = 1500.25m;
decimal Value ရဲ့နောက်မှာ m သို့မဟုတ် M ထည့်ပေးရပါတယ်။
decimal courseFee = 150000.00m;
နမူနာ—
decimal unitPrice = 15000.50m; int quantity = 3; decimal totalAmount = unitPrice * quantity; Console.WriteLine($"Total Amount: {totalAmount}");
Output—
Total Amount: 45001.50
9. float, double နဲ့ decimal ကွာခြားချက်
| Data Type | အသုံးများသောနေရာ | Value နောက်တွင်ထည့်ရန် |
|---|---|---|
float | တိကျမှုအလယ်အလတ်လိုအပ်တဲ့ ဒဿမကိန်း | f သို့မဟုတ် F |
double | ပုံမှန်ဒဿမနှင့် သိပ္ပံဆိုင်ရာတွက်ချက်မှု | မလိုပါ |
decimal | ငွေကြေးနှင့် တိကျမှုမြင့်မားရန်လိုသောတွက်ချက်မှု | m သို့မဟုတ် M |
နမူနာ—
float height = 5.7f; double distance = 1250.75; decimal price = 45000.50m;
လွယ်လွယ်မှတ်မယ်ဆိုရင်—
-
ပုံမှန်ကိန်းပြည့်ဆိုရင်
int -
ပုံမှန်ဒဿမတွက်ချက်မှုဆိုရင်
double -
ငွေကြေးတွက်ချက်မှုဆိုရင်
decimal
ကို ရွေးချယ်နိုင်ပါတယ်။