C# နဲ့ ဘာတွေ တည်ဆောက်နိုင်သလဲ
C# Language ကို အသုံးပြုပြီး Application အမျိုးအစားများစွာ တည်ဆောက်နိုင်ပါတယ်။
Console Application
စာသားအခြေပြု Program များဖြစ်ပါတယ်။ Programming Basic စတင်လေ့လာရာမှာ Console Application ကို အသုံးများပါတယ်။
ဥပမာ—
Calculator
Student Grade Calculator
Number Guessing Game
Simple Inventory Program
Desktop Application
Windows Computer ပေါ်မှာ အသုံးပြုနိုင်တဲ့ Software များ ဖြစ်ပါတယ်။
ဥပမာ—
Point of Sale System
Inventory Management System
Accounting Software
School Management System
C# မှာ Windows Forms နဲ့ WPF ကို အသုံးပြုပြီး Desktop Application များ တည်ဆောက်နိုင်ပါတယ်။
Web Application
Browser ကနေ အသုံးပြုနိုင်တဲ့ Website နှင့် Web System များဖြစ်ပါတယ်။
ဥပမာ—
E-commerce Website
School Management Web Application
Online Booking System
Business Admin Panel
C# နဲ့ Web Application ရေးသားရာမှာ ASP.NET Core ကို အသုံးပြုနိုင်ပါတယ်။
Web API
Mobile Application၊ Website နဲ့ အခြား System တွေကို Database Data ပေးပို့နိုင်တဲ့ Backend Service များကို တည်ဆောက်နိုင်ပါတယ်။
Mobile Application
.NET MAUI ကို အသုံးပြုပြီး Android၊ iOS၊ Windows စတဲ့ Platform များအတွက် Application များ တည်ဆောက်နိုင်ပါတယ်။
Game Development
Unity Game Engine နဲ့ C# ကို အသုံးပြုပြီး 2D နှင့် 3D Game များ တည်ဆောက်နိုင်ပါတယ်။