ခေါင်းစဉ် 32 / 63
5 မိနစ်
Traditional Main Method ပုံစံ
Console.WriteLine("Hello, World!");
Modern .NET Console Project မှာ အောက်ပါအတိုင်း တိုတိုရှင်းရှင်း ရေးနိုင်ပါတယ်။
Console.WriteLine("Hello, World!");
ဒီရေးသားပုံကို Top-level statements လို့ ခေါ်ပါတယ်။
C# Project အဟောင်းများ သို့မဟုတ် အခြား Code Examples များမှာ အောက်ပါပုံစံကိုလည်း တွေ့နိုင်ပါတယ်။
using System;
namespace HelloCSharp
{
internal class Program
{
static void Main(string[] args)
{
Console.WriteLine("Hello, World!");
}
}
}
ဒီပုံစံမှာ Main() Method ဟာ Program စတင်အလုပ်လုပ်တဲ့ Entry Point ဖြစ်ပါတယ်။
Beginner အဆင့်မှာတော့ Top-level statements ကို အသုံးပြုပြီး Code Logic ကို စတင်လေ့လာနိုင်ပါတယ်။ Class, Method, namespace နဲ့ static တို့ကို နောက်ပိုင်း OOP သင်ခန်းစာတွေမှာ အသေးစိတ် လေ့လာသွားပါမယ်။
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။