ခေါင်းစဉ် 3 / 63
3 မိနစ်
Program ဆိုတာဘာလဲ
ကွန်ပျူတာကို အလုပ်တစ်ခုလုပ်ဆောင်စေဖို့ ရေးသားထားတဲ့ ညွှန်ကြားချက်အစုအဝေးကို Program လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့—
Calculator
Web Browser
Facebook
Viber
Banking Application
Point of Sale System
Student Management System
Mobile Game
စတာတွေဟာ Program သို့မဟုတ် Software တွေပဲ ဖြစ်ပါတယ်။
ဥပမာ Calculator Program တစ်ခုမှာ အသုံးပြုသူက နံပါတ်နှစ်ခု ထည့်လိုက်တဲ့အခါ Program က—
ပထမနံပါတ်ကို လက်ခံမယ်။
ဒုတိယနံပါတ်ကို လက်ခံမယ်။
ဘာလုပ်ဆောင်ချက်ရွေးထားလဲ စစ်မယ်။
ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း သို့မဟုတ် စားခြင်းကို လုပ်မယ်။
ရလဒ်ကို ပြမယ်။
ဆိုတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးပါတယ်။
Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။