Coding ဆိုတာဘာလဲ
Coding ဆိုတာ စဉ်းစားထားတဲ့ ဖြေရှင်းနည်းကို Programming Language တစ်ခုအသုံးပြုပြီး Code အဖြစ် ရေးသားခြင်းဖြစ်ပါတယ်။
Programming နဲ့ Coding ဟာ ဆက်စပ်နေပေမယ့် အဓိပ္ပာယ်အနည်းငယ် ကွာခြားပါတယ်။
Programming ဆိုတာ ပြဿနာတစ်ခုကို လေ့လာခြင်း၊ ဖြေရှင်းနည်းစဉ်းစားခြင်း၊ Code ရေးခြင်း၊ စမ်းသပ်ခြင်းနဲ့ Error ပြင်ဆင်ခြင်းတို့ ပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ဖြစ်ပါတယ်။
Coding ဆိုတာ စဉ်းစားထားတဲ့ ဖြေရှင်းနည်းကို Programming Language တစ်ခုအသုံးပြုပြီး Code အဖြစ် ရေးသားခြင်းဖြစ်ပါတယ်။
ဥပမာ ကျောင်းသားတစ်ယောက်ရဲ့ စာမေးပွဲအမှတ်ကို ကြည့်ပြီး Pass သို့မဟုတ် Fail သတ်မှတ်ချင်တယ်ဆိုပါစို့။
ပထမဆုံး ဖြေရှင်းနည်းကို စဉ်းစားရပါမယ်။
အမှတ်ကို လက်ခံမယ်။
အမှတ် 40 နဲ့အထက် ဖြစ်ပါက Pass လို့ပြမယ်။
40 အောက်ဖြစ်ပါက Fail လို့ပြမယ်။
ဒီလို အဆင့်လိုက်စဉ်းစားထားတာကို Logic သို့မဟုတ် Algorithm လို့ ခေါ်နိုင်ပါတယ်။
အဲဒီ Logic ကို C# Code နဲ့ အောက်ပါအတိုင်း ရေးနိုင်ပါတယ်။
int mark = 65;
if (mark >= 40)
{
Console.WriteLine("Pass");
}
else
{
Console.WriteLine("Fail");
}
ဒီနေရာမှာ အရေးကြီးတာက Code ကို အလွတ်ကျက်ဖို့မဟုတ်ပါဘူး။ ပြဿနာကို ဘယ်လိုအဆင့်ခွဲပြီး ဖြေရှင်းမလဲဆိုတဲ့ Logic ကို နားလည်ဖို့ ဖြစ်ပါတယ်။