.NET SDK Install ဖြစ်မဖြစ် စစ်ဆေးခြင်း
Windows မှာ Command Prompt သို့မဟုတ် PowerShell ကို ဖွင့်ပြီး အောက်ပါ Command ကို ရေးပါ။
dotnet --version
ဥပမာ Output—
10.0.100
Version Number တစ်ခု ပြလာရင် .NET SDK Install ဖြစ်နေပြီလို့ ဆိုလိုပါတယ်။
Computer ထဲမှာ Install လုပ်ထားတဲ့ SDK အားလုံးကို ကြည့်ချင်ရင်—
dotnet --list-sdks
Runtime တွေကို ကြည့်ချင်ရင်—
dotnet --list-runtimes
.NET နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အပြည့်အစုံ ကြည့်ချင်ရင်—
dotnet --info
အသုံးပြုနိုင်ပါတယ်။
dotnet Command မအလုပ်လုပ်ရင်
အောက်ပါ Error မျိုးတွေ့နိုင်ပါတယ်။
'dotnet' is not recognized as an internal or external command
ဒါဆိုရင်—
.NET SDK Install မလုပ်ရသေးခြင်း
Installation မပြီးဆုံးသေးခြင်း
SDK Install ပြီးပေမယ့် Terminal အဟောင်းကို အသုံးပြုနေခြင်း
Environment Path မမှန်ခြင်း
တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ပထမဆုံး Terminal ကိုပိတ်ပြီး အသစ်ပြန်ဖွင့်ပါ။ မရသေးရင် Computer ကို Restart ပြုလုပ်ပြီး dotnet --version ကို ပြန်စမ်းပါ။
Visual Studio ကနေ .NET Development Tools ကို Install လုပ်ရာမှာ SDK၊ Runtime နဲ့ Project Templates တွေကိုပါ စီမံထည့်သွင်းပေးနိုင်ပါတယ်။
Visual Studio Code အသုံးပြုလိုပါက
Computer Specification နိမ့်တာကြောင့် Visual Studio အပြည့်အစုံ မသုံးလိုရင် Visual Studio Code ကို အသုံးပြုနိုင်ပါတယ်။
အဓိကလိုအပ်တာတွေက—
Visual Studio Code
.NET SDK
C# Dev Kit Extension
တို့ဖြစ်ပါတယ်။
Visual Studio Code မှာ Extensions ကိုဖွင့်ပြီး—
C# Dev Kit
လို့ရှာကာ Microsoft က ထုတ်ပေးထားတဲ့ Extension ကို Install လုပ်နိုင်ပါတယ်။
သို့သော် Beginner Class အတွင်း Project ဖန်တီးခြင်းနဲ့ Debugging ကို လွယ်ကူစေရန် Visual Studio ကို အဓိကထားအသုံးပြုတာ ပိုအဆင်ပြေပါတယ်။