Terminal ဖြင့် Console Project တည်ဆောက်ခြင်း
Visual Studio မသုံးဘဲ Terminal ကနေလည်း Project ဖန်တီးနိုင်ပါတယ်။
Project သိမ်းမယ့် Folder ကိုဖွင့်ပြီး—
dotnet new console -n HelloCSharp
လို့ ရေးပါ။
Project Folder ထဲဝင်ပါ။
cd HelloCSharp
Program ကို Run ပါ။
dotnet run
Output—
Hello, World!
လို့ ပြသပါလိမ့်မယ်။
Command တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်က—
| Command | လုပ်ဆောင်ချက် |
| -------------------- | --------------------------------- |
| `dotnet new console` | Console Project အသစ်တည်ဆောက်ခြင်း |
| `-n HelloCSharp` | Project အမည်သတ်မှတ်ခြင်း |
| `cd HelloCSharp` | Project Folder ထဲသို့ ဝင်ခြင်း |
| `dotnet build` | Project ကို Build လုပ်ခြင်း |
| `dotnet run` | Project ကို Run ခြင်း |
လေ့ကျင့်ခန်း
1: Personal Introduction
PersonalIntroduction အမည်နဲ့ Console Project တစ်ခု တည်ဆောက်ပြီး အောက်ပါအချက်များကို ပြသပါ။
အမည်
လေ့လာနေတဲ့ Language
ရည်မှန်းချက်
2: Student Information
Student တစ်ယောက်ရဲ့ အချက်အလက်ကို အောက်ပါပုံစံအတိုင်း ပြသပါ။
===== Student Information =====
Name: Su Su
Course: C# Programming Basic
Batch: Batch 1
Status: Active
===============================
3: Write နဲ့ WriteLine
အောက်ပါ Output ရရှိအောင် Console.Write() နဲ့ Console.WriteLine() ကို အသုံးပြုရေးသားပါ။
C# Programming
Lesson: Console Application
4: Error ရှာခြင်း
အောက်ပါ Code ထဲက Error တွေကို ရှာပြီး ပြင်ပါ။
console.WriteLine("C# Programming")
Console.Writeline("My First Application");