ခေါင်းစဉ် 6 / 63 3 မိနစ်

Programming Language ဆိုတာဘာလဲ

ကွန်ပျူတာကို အလုပ်လုပ်စေဖို့ ညွှန်ကြားချက်တွေရေးသားရာမှာလည်း သတ်မှတ်ထားတဲ့ ဘာသာစကားတစ်ခု လိုအပ်ပါတယ်။ အဲဒီဘာသာစကားကို Programming Language လို့ ခေါ်ပါတယ်။

လူအချင်းချင်း ဆက်သွယ်ဖို့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ စတဲ့ ဘာသာစကားတွေကို အသုံးပြုကြပါတယ်။

ကွန်ပျူတာကို အလုပ်လုပ်စေဖို့ ညွှန်ကြားချက်တွေရေးသားရာမှာလည်း သတ်မှတ်ထားတဲ့ ဘာသာစကားတစ်ခု လိုအပ်ပါတယ်။ အဲဒီဘာသာစကားကို Programming Language လို့ ခေါ်ပါတယ်။

အသုံးများတဲ့ Programming Language အချို့ကတော့—

C#
Java
Python
JavaScript
PHP
C
C++
Kotlin
Swift

တို့ဖြစ်ပါတယ်။

Programming Language တစ်ခုချင်းစီမှာ ကိုယ်ပိုင်ရေးသားပုံစည်းမျဉ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေကို Syntax လို့ ခေါ်ပါတယ်။

ဥပမာ C# မှာ စာသားတစ်ခုကို Screen ပေါ်ထုတ်ပြချင်ရင်—

Console.WriteLine("Hello C#");

လို့ ရေးရပါတယ်။

Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။