ခေါင်းစဉ် 2 / 63 3 မိနစ်

Programming ဆိုတာဘာလဲ

ကွန်ပျူတာကို အလုပ်တစ်ခုလုပ်ဆောင်နိုင်အောင် အဆင့်လိုက် ညွှန်ကြားချက်တွေရေးသားခြင်းကို Programming လို့ ခေါ်ပါတယ်။


ကွန်ပျူတာဟာ အလုပ်လုပ်နိုင်တဲ့ စက်တစ်ခုဖြစ်ပေမယ့် လူတစ်ယောက်လို ကိုယ်တိုင်စဉ်းစားပြီး လုပ်ဆောင်နိုင်တာမဟုတ်ပါဘူး။ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ အဆင့်လိုက် ညွှန်ကြားပေးဖို့ လိုပါတယ်။

ဒီလို ကွန်ပျူတာကို အလုပ်တစ်ခုလုပ်ဆောင်နိုင်အောင် အဆင့်လိုက် ညွှန်ကြားချက်တွေရေးသားခြင်းကို Programming လို့ ခေါ်ပါတယ်။

ဥပမာအားဖြင့် လူတစ်ယောက်ကို—

“လက်ဖက်ရည်တစ်ခွက် ဖျော်ပေးပါ”

လို့ ပြောလိုက်ရင် သူက ဘာတွေလုပ်ရမယ်ဆိုတာ ကိုယ်တိုင်စဉ်းစားပြီး လုပ်ဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကွန်ပျူတာကို လက်ဖက်ရည်ဖျော်ခိုင်းမယ်ဆိုရင်—

ခွက်ယူပါ။
လက်ဖက်ခြောက်ထည့်ပါ။
သကြားထည့်ပါ။
ရေနွေးထည့်ပါ။
ဇွန်းဖြင့်မွှေပါ။
အသုံးပြုသူကို ပြပါ။

ဆိုပြီး အဆင့်တိုင်းကို တိတိကျကျ ပြောပေးရပါမယ်။

Programming မှာလည်း ဒီသဘောတရားအတိုင်းပါပဲ။ ကိုယ်လိုချင်တဲ့ ရလဒ်ရဖို့ ကွန်ပျူတာ လိုက်နာရမယ့် အဆင့်တွေကို ရေးပေးရပါတယ်။

Progress သိမ်းလိုပါက Login ဝင်ပါ။ Login မဝင်ဘဲလည်း ခေါင်းစဉ်အားလုံးကို လေ့လာနိုင်ပါသည်။